ကျနော် အစွန်းရောက်နေပါသလား? …
By Zau Man Hpunggan 20 February 2012
မပြောမပြီး မတီးမမြည် ဆိုသလိုပဲ ဆိတ်ဆိတ်နေရမယ့် အချိန်ရှိသလို ထုတ်ပြောရမယ့် အချိန်လည်း ရှိတယ်ဆိုတော့ ရှင်းဖို့လိုတာကို ရှင်းသင့်ပြီထင်လို့ ဒီစာစုလေး ရေးဖြစ်သွားကြောင်းပါ … ဒီစာစုလေးရဲ့ ခေါင်းစဉ်နဲ့ပဲ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်လိုက်ပါတယ် .. “ကျနော် အစွန်းရောက်နေပါသလား” … ဟုတ်ကဲ့ ကျနော် အစွန်းရောက်နေပါတယ် လို့ ဖြေပါ့မယ် .. ဘယ်အရာမှာ အစွန်းရောက်နေသလဲဆိုတော့ စိတ်ဆင်းရဲ နာကျင်မှုမှာ အစွန်းရောက်နေတာပါ … ဟုတ်ပါတယ် … ကျနော့်လူမျိုး တိုင်းတပါးသားတွေ ကျူးကျော်စော်ကား တိုက်ခိုက်တာခံနေရလို့ စိတ်နာကျင်ခံစားနေရပါတယ် … တိုင်းတပါးသားလို့ သုံးနှုံးလိုက်လို့ အပြစ်မြင် မစောလိုက်ပါနဲ့ဦး … ကျနော် ရှင်းပါ့မယ် …







